Tricks Behind the Clicks: Dark Patterns in UX

Sep 14, 2024

User တွေအနေနဲ့လေ တခါတလေမှာ apps တွေက ကိုယ့်အစားဆုံးဖြတ်ချက်တွေချပေးနေသလိုလို.. အစက လုပ်ဖို့မရည်ရွယ်ထားတဲ့ action တခုခုကိုလုပ်ဖို့ push လုပ်ခံနေရသလို.. ဒါမှမဟုတ် မရည်ရွယ်ပဲပိုက်ဆံသုံးမိအောင် တခုခုကဖန်တီးလိုက်သလို.. အဲ့လို အခြေအနေမျိုးတွေကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေတွေကို Dark Patterns လို့ခေါ်ပါတယ်။ ပုံမှန်အားဖြင့် UX ဆိုတာက user အတွက် ကောင်းမွန်တဲ့အတွေ့အကြုံကို ဖန်တီးပေးတာ ဖြစ်ပေမယ့် Dark Patterns တွေကတော့ လုံးဝ ဆန့်ကျင်ဘက်ပါ။ Dark patterns တွေက ရည်ရွယ်ချက်ရှိရှိကို user ကို လှည့်စားပြီး မရည်ရွယ်ပဲ action တွေလုပ်မိစေအောင် လုပ်ဆောင်ရင်း business အတွက်ပဲအကျိုးရှိမယ့်အရာတွေယူဆောင်ပေးတာမျိုးပါ။

Real-world examples တွေနဲ့ companies တွေက ux ကိုချနင်းပြီး သူတို့အကျိုးအမြတ်အတွက်ဘာတွေလုပ်ကြလဲ ကြည့်ကြည့်ရအောင်နော်။

Dark Patterns ဆိုတာ ဘာလဲ?

Dark Patterns ဆိုတာက ကျွန်မတို့ နေ့စဉ်သုံးနေတဲ့ app တွေကတဆင့် အသုံးပြုသူကို manipulate လုပ်.. လှည့်စားပြီး သဘာဝမကျတဲ့နည်းလမ်းတွေနဲ့ တခုခုကို ရွေးချယ်မိအောင်လုပ်တာမျိုးပါ။ user တွေကို အထောက်အကူပြုရမယ့်အစား dark patterns တွေကရောင်းအားမြှင့်တင်ဖို့အတွက် သို့မဟုတ် data collection လုပ်ဖို့စတဲ့ business goals တွေအတွက်ပဲ drive လုပ်ပါတယ်။

လူသုံးများတဲ့ အက်ပ်တွေမှာ Dark Patterns အသုံးပြုပုံများ

1. Foodpanda: Hidden Costs and Confusing Pricing

Foodpanda ကနေ အစားအသောက်မှာဖူးကြမှာပေါ့။ နောက်ဆုံး checkout မှာပေါ်လာတဲ့စျေးက ကိုယ်မျှော်လင့်ထားတာထက် တော်တော်လေးပိုနေတာကြုံဖူးတယ်မလား။

ဒါက အသုံးများသော dark pattern တစ်ခုဖြစ်တဲ့ Hidden costs လို့ခေါ်ပါတယ်။ delivery fees တွေ အခွန်တွေကို အစပိုင်းမှာသူတို့ကြိုပြထားမှာမဟုတ်ဖူး။ ကျွန်မဆို ဒီစျေးနဲ့ ဝယ်ပျော်တယ်ဆိုပြီး ထပ်ထပ်ထည့်နေမိတာပဲ။ checkout လုပ်တော့မယ်ဆိုခါမှ အစကမပြခဲ့တဲ့ cost တွေထပ်တိုးနေရော.. ဒါပေမယ့် အဲ့ချိန်ကျ ကိုယ်က စားချင်တာတွေလဲအများကြီးထည့်ပြီးနေပြီး effort တွေလဲအများကြီးစိုက်ထုတ်ပြီးနေပြီဆိုတော့ cancel လဲသိပ်မလုပ်ချင်ကြတော့ဘူး။ ဒီတိုင်းပဲမှာဖြစ်လိုက်ပြတယ်။

နောက် trick တစ်ခုကကျ default tipping..သူကကျ လူအများစုပေးနေကျ option ဆိုတာမျိုးရှိနေတာမျိုး။ အဲ့တာတောင်ကိုယ်ကမပေးရင် အားနာစရာလိုခံစားမိအောင်လုပ်တာမျိုးပေါ့။ ဒီလို pressure တစ်ခုက လူတွေကို အစရည်ရွယ်ထားတာထက်တောင် tips ပိုပေးမိစေတတ်တယ်။

2. Shop.com : Creating a Sense of Urgency

Scarcity(i.e. ကိုယ်အခုမှမယူရင်မရတော့ဘူးဆိုတာမျိုး) ကိုအသုံးချတာမျိုးဆိုတာ သိမလားမသိဘူး။ အထူးသဖြင့် မြန်မာနိုင်ငံလို scarcity ကို ငယ်ငယ်တည်းက ရင်းနှီးလာတဲ့နိုင်ငံမျိုးမှာဆို ပိုအသုံးဝင်တဲ့နည်းလမ်းပေါ့။ ဒီ item က 2 ခုပဲ ကျန်တာတော့တယ်ဆိုတာမျိုး % တစ်ခုလျှော့ပေးနေတာဘယ်နှမိနစ်ပဲကျန်တော့တယ်ဆိုတာမျိုး တွေ့ဖူးမှာပါ။ ဒီနေ့တစ်ရက်ပဲ discount ပေးတော့မလိုလိုပြထားတာမျိုးေပါ့။ ဒီ နည်းလမ်းက အသုံးပြုသူတွေကို အမြန်ဝယ်မိစေတယ်။ အများကြီးမစဉ်းစားပဲ ဆုံးဖြတ်ချက်တွေချမိစေတယ်။ ဒါပေမယ့်လဲ မကြာခင်မှာပဲ အဲ့ဒီ item က restock ပြန်ဖြစ်တယ် discount အသစ် အသစ် တွေ ထပ်ရှိတတ်တယ်။ ဒါကလဲ အတွေ့များတဲ့ dark pattern တစ်ခုပါပဲ။

ဘာလို့ Businesses တွေက Dark Patterns တွေသုံးလဲ

ရှင်းပါတယ်။ ရှည်ရှည်ဝေးဝေးပြောနေစရာမလိုတာက business အတွက် revenue တိုးစေလို့ပဲ။ user တွေကို confuse ဖြစ်အောင်လုပ်ရင်း.. information တွေဖုံးကွယ်ရင်း.. မလိုလားအပ်တဲ့ ဆုံးဖြတ်ချက်တွေချမိအောင်လုပ်ရင်း.. business အတွက်အကျိုးရှိအောင်လုပ်တာပေါ့။ Business Perspective အရ ပါးနပ်တယ်လို့မြင်နိုင်ပေမယ့် user တွေကို ယုံကြည်မှုပျက်ပြားစေတာ user experience ကို အဆင့်ကျအောင်လုပ်မိတာမျိုးတွေဖြစ်နိုင်ပါတယ်။

Dark Patterns တွေကိုဘယ်လိုသတိပြုရှောင်ရှားကြမလဲ

Dark patterns တွေကို ဘယ်လိုသတိပြုမိအောင်နေမလဲ နောက်ပြီးဘယ်လိုရှောင်ရှားကြမလဲဆိုရင်_

  • Read carefully: တခုခုမဝယ်ခင် စျေးနှုန်းကိုသေချာဖတ်ပါ။

  • Opt-out consciously: Service တခုခုကို subscribe လုပ်တော့မယ်ဆိုရင်လဲ သူ့ရဲ့ defualt settings တွေ terms and conditions တွေသေချာဖတ်ပြီးကိုယ်နဲ့အဆင်မပြေတဲ့အရာတွေဆို permission မပေးတာမျိုးလုပ်ဖို့မမေ့ပါနဲ့။

  • Be skeptical of urgency: Limited offer တို့ exclusive offer တို့တွေ့တိုင်းပြေးမဝယ်ပါနဲ့။ ဒါတွေက marketing နည်းလမ်းတွေပဲဖြစ်ဖို့များပါတယ်။

Conclusion

UX Deisgn က user journey တစ်ခုကို ပိုပြီး ချော့မွေ့လုပ်ဆောင်ပေးတာဖြစ်တဲ့အချိန်မှာ dark patterns တွေကတော့ human psychology ကိုအသုံးချပြီး လုပ်ငန်းတစ်ခုတည်းကိုအကျိုးအမြတ်ရအောင်လုပ်တာဖြစ်ပါတယ်။ ဒီ article လေးကိုဖတ်ပြီး နောက်တခါ dark pattern တစ်ခုခုကို သတိထားမိတယ်ဆိုရင် process တစ်ခုလုံးကိုဘယ်လိုသွားတယ်ဆိုတာကို အာရုံစိုက်နိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒီ tricks တွေကိုပိုပြီး နားလည်သဘောပေါက်ထားခြင်းအားဖြင့် ပိုပြီးဗဟုသုတရှိတဲ့ user တွေဖြစ်စေဖို့ ရည်ရွယ်ရင်း sharing လေးလုပ်ပေးလိုက်ပါတယ်။